International News

Morgan Stanley Investment Bank ၏ ပြောကြားချက်အရ ဟောင်ကောင်ဒေသ၏ စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်ကြောင်း

Last Updated:

ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ယခုလသုံးလပတ်အတွင်း ပြန်လည်နာလန်ထူလာနိုင်ပြီး ၂၀၂၂ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု (၀.၅) ရာခိုင် နှုန်းရှိနိုင်သည်ဟု  Morgan Stanley Investment Bank ကခန့်မှန်းထားကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါး၌ Morgan Stanley Investment Bank ကပြောကြားရာတွင် ငွေကြေးအချက်အချာကျသည့် ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက်မှုမှာ ယခင်နှစ်က (၄) ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်တွင် လျော့ကျခဲ့သော်လည်း တစ်ဖြေးဖြေးချင်း ပြန်လည် နာလန်ထူလာနိုင်မည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ ယခုနှစ်အစောပိုင်းနှင့်နှိုင်းယှဉ်လျှင် ဒုတိယသုံးလပတ်တွင် စီးပွားရေး (၀.၄) ရာခိုင် နှုန်း တိုးတက်နိုင်ကြောင်း၊ သို့ဖြစ်ရာ စီးပွားရေးတိုးတက်မှု အရှိန်မြင့်တက်နိုင်ပြီး ယခုနှစ် ဒုတိယ သုံးလပတ်တွင် (၂.၆) ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်၊ တစ်နှစ်လုံးစာအတွက် (၀.၅) ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်ပြည်မကြီးနှင့် Quarantine နေထိုင်ရန်မလိုအပ်သည့် ခရီးသွားလာမှုများ ပြန်လည်ဖွင့်လှစ်နိုင်ပါက လာမည့် ၂၀၂၃ ခုနှစ်တွင် ဟောင်ကောင် ဒေသ၏ စီးပွားရေးသည် (၄.၅) ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း၊ စားသုံးမှုနှုန်းမှာ ယခင်နှစ်က (၅.၄) ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်၊ ပထမသုံးလပတ်တွင် လျော့ကျခဲ့ပြီး ပြန်လည်နာလန်ထူနိုင်ရန် ခန့်မှန်းထားကာ ၂၀၂၂ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် (၁) ရာခိုင်နှုန်းနှင့် ဒုတိယနှစ်ဝက်အတွင်းတွင် (၀.၆) ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း၊ သို့သော် တရုတ်ပြည်မကြီးမှ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လုံးဝကင်းစင်သည့် မူဝါဒအား စတုတ္ထသုံးလပတ် မတိုင်မီ ပြောင်းလဲခြင်းမရှိပါက စီးပွားရေး ပြန်လည်နာလန်ထူမှုမှာ ဆက်လက်နှေးကွေးလျက် ရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များအား လာမည့်တတိယ သုံးလပတ်အထိ ပြောင်းလဲခြင်းမရှိပါက ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များအား နှောင့်နှေးကြန့်ကြာ နိုင်ပြီး ဟောင်ကောင်ဒေသ၏ ကုန်သွယ်ရေးအပေါ် သက်ရောက်မှုများ ရှိနိုင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားလျော့ကျမှု၊ အတိုးနှုန်းမြင့်တက်မှု နှင့် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုအ‌ပေါ် ဖိအားများဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ပြင် ၂၀၁၉ ခုနှစ်၊ မေလမှ စတင်၍ ပထမဆုံးအကြိမ်အနေဖြင့် အမေရိကန်ဒေါ်လာတန်ဖိုးနှုန်းမြင့်တက်လာမှုနှင့် အမေရိကန်နိုင်ငံမှ ဟောင်ကောင်ဒေသ၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ပြင်းထန်သည့် ကန့်သတ်ဟန့်တားမှုများကြောင့် ဟောင်ကောင်ဒေါ်လာဈေး ကျဆင်းလာသဖြင့် ငွေလဲလှယ်နှုန်း သတ်မှတ်ချက်မှ အား ပေျာ့လာကြောင်း၊ ထို့ပြင် အမေရိကန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုမှာ မျှော်မှန်းထားသည်ထက် လျင်မြန်လာသောကြောင့် ဒေါ်လာဈေးမြင့်တက်လာပြီး အခက်အခဲအမျိုးမျိုးဖြင့် ရင်ဆိုင်ရလျက်ရှိကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: The Standard သတင်းစာ (12-5-2022)

 

Category: International News